ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်သည့်အားလျှော်စွာ ဗုဒ္ဓဘာသာကောင်း တစ်ယောက်ဖြစ်ရန် လိုအပ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်အရ ကျွန်တော်သည် မိဘကျေးဇူးကို တတ်နိုင်သမျှပေးဆပ်ရန် အတွက်နှင့် ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓဘာသာအကြောင်း တိကျသေချာစွာ နားလည်ရန် နှင့် ဗုဒ္ဓဘာသာကောင်းများ ဖြစ်ရန်အတွက် ရည်ရွယ်၍ ဤဘလော့ဂ်ကို ဖန်တီးခြင်းဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခြင်း

Posted in

(က) စိတ်ထားမှန်ကန်ခြင်း

လူ့လောကတွင် စိတ်ထားဖြူစင် ဖြောင့်မတ်မှန်ကန်ရန် အရေးကြီးလှ၏။ စိတ်ထားဖြူစင် ဖြောင့်မတ် မှန်ကန်မှသာ ယုံကြည်မှု အားကောင်းသည်။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ခြင်းသည် တစုံတယောက်သောသူကို ကြောက်ရွံ့သောကြောင့် ဆည်းကပ်ကိုးကွယ်ခြင်းမျိုး မဖြစ်စေရပါ။ တစ်စုံတစ်ယောက်သောသူက ခိုင်းစေသောကြောင့်လည်း မဖြစ်စေရပါ။ ပစ္စည်းလာဘ်လာဘ၊ အာဏာ၊ ပါဝါ စသည်တို့ကို ရယူလိုသောကြောင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းမျိုးလည်း မဖြစ်စေရပါ။

မိမိကိုယ်တိုင်က “ဘုရားအစစ် ဘုရားအမှန်၊ တရားအစစ် တရား အမှန်၊ သံဃာအစစ် သံဃာအမှန် တကယ်ဖြစ်သည်” ဟုယုံကြည်သက်ဝင်သောကြောင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းမျိုးသာ ဖြစ်စေရပါမည်။

ဤသို့ စစ်မှန်သော ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကိုကိုးကွယ် ဆည်းကပ်ပြီး တရားအစစ် အမှန်အကျင့်များကို လိုက်နာကျင့်သုံး ကြိုးစား အားထုတ်ပါက လက်ငင်းအားဖြင့် စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှု ရရှိပြီး ဝဋ္ဋ်ဆင်းရဲ အပေါင်းမှ ဧကန်မုချ ကင်းလွတ်နိုင်သည်ဟု မိမိကိုယ်တိုင် မမှိတ်မသုန် ယုံကြည်သက်ဝင်သောကြောင့် ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်ခြင်းမျိုး ဖြစ်စေရပါမည်။

(ခ) သရဏဂုံ သုံးပါး ပါဠိ

၁။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။

၂။ ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

၃။ တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

သရဏဂုံသုံးပါး အနက်အဓိပါယ်

၁။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ=သရဏံ ဣထိ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။

ဓမ္မံ၊ မဂ်ဖိုနိဗ္ဗါန် ဓမ္မက္ခန်ဟု ဆယ်တန်ပိုင်းဖြတ် ဆယ်ပါးသော တရားတော်မြတ်ကို။ သရဏံ=သရဏံ ဣထိ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။

သံဃံ၊ သံဃာတော်မြတ်ကို။ သရဏံ=သရဏံ ဣထိ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။

၂။ ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ=သရဏံ ဣထိ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။

ဒုတိယမ္ပိ၊နှစ်ကြိမ်မြောက်လည်း၊ ဓမ္မံ၊ မဂ်ဖိုနိဗ္ဗါန် ဓမ္မက္ခန်ဟု ဆယ်တန်ပိုင်းဖြတ် ဆယ်ပါးသော တရားတော်မြတ်ကို။ သရဏံ=သရဏံ ဣထိ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။

ဒုတိယမ္ပိ၊နှစ်ကြိမ်မြောက်လည်း၊ သံဃံ၊ သံဃာတော်မြတ်ကို။ သရဏံ=သရဏံ ဣထိ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။

၃။ တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ=သရဏံ ဣထိ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။

တတိယမ္ပိ၊သုံးကြိမ်မြောက်လည်း၊ ဓမ္မံ၊ မဂ်ဖိုနိဗ္ဗါန် ဓမ္မက္ခန်ဟု ဆယ်တန်ပိုင်းဖြတ် ဆယ်ပါးသော တရားတော်မြတ်ကို။ သရဏံ=သရဏံ ဣထိ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။

တတိယမ္ပိ၊သုံးကြိမ်မြောက်လည်း၊ သံဃံ၊ သံဃာတော်မြတ်ကို။ သရဏံ=သရဏံ ဣထိ၊ ကိုးကွယ်လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။ ဂစ္ဆာမိ၊ မှီဝဲဆည်းကပ် သိမှတ်ပါ၏။

This entry was posted on Sunday, November 8, 2009 at 8:46 PM and is filed under . You can follow any responses to this entry through the comments feed .

0 comments

Post a Comment