မြတ်စွာဘုရားသည် မြတ်သောကိုးကွယ်ခြင်း မဟုတ်လျှင် မည်သို့မည်ပုံ အပြစ်ကျရောက်နိုင်ကြောင်း ဖော်ပြလတ္တံ့ပါ ဂါထာဖြင့် ဟောကြားမိန့်မှာ ခဲ့ပါသည်၊-------
နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။
နေတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
“ဤတော တောင် အာရာမ် အဓိကရသစ်ပင် စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်း မဟုတ်၊ မြတ်သော ကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ် ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်”--- ဟူ၍ ဖြစ်ပါသည်။
ထို့ကြောင့် လူတို့သည် ကိုးကွယ်မှုမှားလျှင် ဒုက္ခခပ်သိမ်း မကင်းငြိမ်းနိုင်ဘဲ သံသရာဝဲသြဃ အတွင်း တဝဲလည်လည် ကျင်လည်ကျက်စား နေရမည်သာ ဖြစ်ပေသည်။
ကိုးကွယ်မှုမှန်လျှင် အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်းကိုလည်း ဗုဒ္ဓမြတ်စွာဘုရားသည်----
ဧတံ ခေါ သရဏံ ခေမံ၊ ဧကံ သရဏ မုတ္တမံ။
ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏--- ဟုဟောကြားညွှန် ပြတော်မူခဲ့ပါသည်။
ထို့ကြောင့် လူတို့သည် ကိုးကွယ်မှုမှန်လျှင် ဒုက္ခခပ်သိမ်း ကင်းငြိမ်းပြီး လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာများကို ရရှိနိုင်ရုံမျှမက မဂ်ဖို နိဗ္ဗာန်သို့တိုင် မျက်မှောက်ပြုနိုင်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။